သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။
နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။ သိုးတို့ကိုလည်းသတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။
ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်းဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ကြ၏။
သိုးကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတစ်များနှင့်ဆီဥကို မီးရှို့လေ၏။
တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ အသွေးနှင့်ဖျန်းရ၏။-