တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည်၊
အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
အကြင်သူသည် တစ်စုံတစ်ခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဖို့ရာဆောင်ခဲ့ရမည်။
တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သကာတို့အထဲက၊ ငါ့အားချီးမြှောက်သော ပူဇော်သကာတို့ကို သင်၌အပ်၍၊ သင်နှင့် သင်၏သားတို့အဖို့ ဖြစ်စေခြင်းငှာ၊ ထာဝရပညတ်တရားအားဖြင့် ငါပေး၏။
ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတစ်ဖက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတစ်ပြား၊ တဆေးမဲ့မုန့်ကြွပ်တစ်ချပ်ကိုယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊