ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
ထိုဆီနှင့်တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် အသွေးနှင့်တကွ အမဲသားကိုစားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။
စားသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကိုခံရမည်။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသောနာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။
ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။
မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကိုစားရကြမည်။
အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
အကြင်သူသည် တစ်စုံတစ်ခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။-
သို့ရာတွင် ရှောလုက အကြောင်းတစ်စုံတစ်ခု ရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည်မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။