Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 7:19

Judson Bible

မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို အ​ကြင်​သူ​သည် မ​စင်​ကြယ်​သော​အ​ပြစ်​ရှိ​လျက်​နှင့် စား​မိ၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။-

ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။-

အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။-

ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။-

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-

စင်​ကြယ်​သော​သူ​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။ မ​စင်​ကြယ်၊ မ​ယုံ​ကြည်​သော​သူ​တို့​အား အ​ဘယ်​အ​ရာ​မျှ မ​စင်​ကြယ်။ သူ​တို့၏ နှ​လုံး​လည်း မ​စင်​ကြယ်။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် လည်း​မ​စင်​ကြယ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ