Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 7:18

Judson Bible

မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ဤ​လူ​မျိုး​ကို​ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​တို့​သည် လှည့်​လည်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​ကြ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို​အောက်​မေ့၍၊ သူ​တို့​အ​ပြစ်​များ​ကြောင့် စစ်​ကြော​တော်​မူ​မည်။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​သား​သည် အ​လွန်​သန့်​ရှင်း၏။ သင်​တို့​သည် ပ​ရိ​သတ်​တို့​အ​ပြစ်​ကို​ခံ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ ထို​ယဇ်​သား​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​ကြောင့်​မ​စား​သ​နည်း။

အာ​ရုန်​က၊ ယ​နေ့​သူ​တို့​သည် လူ​များ​တို့​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ပါ​ပြီ။ အ​ကျွန်ုပ်၌ ထို​သို့​သော​အ​မှု​ရောက်​သည်​တွင်၊ ယ​နေ့​အ​ပြစ်​ဖြေ​ရာ ယဇ်​သား​ကို​စား​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​ပါ​မည်​လော​ဟု မော​ရှေ​ကို ပြော​ဆို၏။

မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် ရွံ​ရှာ​ဖွယ်​ဖြစ်၍ သင်​တို့​မ​စား​ရ။

အ​ဝတ်​ကို​မ​လျှော် ရေ​မ​ချိုး​လျှင်၊ ကိုယ်​အ​ပြစ်​ကို​ကိုယ်​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညတ်​တော်​မူ၏။

မိတ်​သ​ဟာ​ယ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ စိတ်​တော်​နှင့်​တွေ့​အောင် ပူ​ဇော်​ရ​မည်။

ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

အ​ဘ၏​နှ​မ၊ အ​မိ၏​ညီ​မ​နှင့် မ​သင့်​မ​နေ​ရ။ ထို​သို့​သော​ပေါက်​ဖော်​ရင်း​နှင့် သင့်​နေ​သော​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

သို့​ရာ​တွင် အင်္ဂါ​ပို​ခြင်း၊ ချို့​တဲ့​ခြင်း​အ​ပြစ်​ရှိ​သော သိုး၊ ဆိတ်၊ နွား​ကို အ​လို​လို ပူ​ဇော်​သ​ကာ​ဖို့​ပူ​ဇော်​ရ​မည်။ သ​စ္စာ​က​တိ​နှင့်​ဆိုင်၍​ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။

ထို​သို့​သော​အ​ကောင်​ကို တစ်​ပါး​အ​မျိုး​သား​ဆက်​သော်​လည်း ပျက်​သော​အ​ပြစ်​ပါ​သော​ကြောင့်၊ သင်​တို့၏​ဘု​ရား​သ​ခင့်​ပွဲ​တော်​ဖို့ မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင်​စိတ်​တော်​နှင့်​မ​တွေ့​ဟု မိန့်​တော်​မူ၏။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။

မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။

မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

ထို​ပူ​ဇော်​သ​ကာ​ကို၊ ကောက်​နယ်​တ​လင်း​ထဲ​က​ယူ​သော ဆန်​စ​ပါး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က​ယူ​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​မှတ်​ရ​လိမ့်​မည်။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊-

ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ