Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 7:1

Judson Bible

ဒု​စ​ရိုက်​ဖြေ​သော ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ အ​လွန်​သန့်​ရှင်း​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။

မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။

ပူ​ဇော်​သော​မုန့်​ညက်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သိမ်း​ယူ​ရ​ကြ​မည်။

ဤ​အ​ရပ်​ကား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပြုတ်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဖုတ်​ရ​သော အ​ရပ်​ဖြစ်၏။ လူ​များ​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​အ​ရာ​တို့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ မ​ထုတ်​ရ​ကြ​ဟု ငါ့​အား​ပြော​ဆို၏။

သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။

သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊

ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့ ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို အ​ရင်​ပူ​ဇော်​လျက်၊ ခေါင်း​ကို​လိမ်၍ ဖြတ်​ရ​မည်။ ကိုယ်​ကို ရှင်း​ရှင်း​မ​ခွဲ​ရ။

ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။

သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

အ​ရင်​ခြား​နား​စေ​သော​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တစ်​ဖန် ခြား​နား​စေ၍ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ရင်​ခြား​နား​ခြင်း​ပျက်​သော​ကြောင့် လွန်​သော​ကာ​လ​ပျောက်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ