ထိုအသားပြုတ်သော မြေအိုးကိုခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ရေနှင့်ဆေးရမည်။
ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသောပူဇော်သကာ အခြားတို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ပြုတ်၍ လူအပေါင်းတို့အား အလျင်အမြန် ဝေဖန်ကြ၏။
မြေခွက်တစ်စုံတစ်ခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။
ရိနာစွဲသောသူထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။