Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:27

Judson Bible

ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

ထို​အ​ရာ​တို့​ကို​အ​လွန်​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​သို့​သန့်​ရှင်း​စေ​ရ​မည်။ ထို​အ​ရာ​တို့​နှင့်​တွေ့​သ​မျှ​သော​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

ထို​အ​သေ​ကောင်​သည် သစ်​ခွက်၊ အ​ဝတ်၊ အ​ရေ၊ အ​မွေး၊ အိတ်​အ​စ​ရှိ​သော အ​သုံး​အ​ဆောင်​တစ်​စုံ​တစ်​ခု​ပေါ်​သို့​ကျ​လျှင် ထို​အ​သုံး​အ​ဆောင်​မ​စင်​ကြယ်။ ရေ၌​နှစ်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ ထို​နောက်​စင်​ကြယ်​လိမ့်​မည်။

အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။

လူ​သည် သန့်​ရှင်း​သော​အ​မဲ​သား​ကို မိ​မိ​အ​ဝတ်​နှင့် ထုတ်၍ ဆောင်​ခဲ့​လျက်၊ မုန့်၊ ဟင်း၊ စ​ပျစ်​ရည်၊ ဆီ အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ထို​အ​ဝတ်​နှင့်​ထိ​လျှင်၊ ထို​စား​စ​ရာ​သည် သန့်​ရှင်း​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထို​စား​စ​ရာ​သည် မ​သန့်​ရှင်း​ဟု ပြန်​ပြော​ကြ၏။

အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။-

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော သင်​တို့၏​ဝမ်း​နည်း​ခြင်း​သည် သင်​တို့၌ အ​ဘယ်​သို့​သော သ​တိ​ပြု​ခြင်း၊ ကိုယ်​အ​ပြစ်​ကို​ဖြေ​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ အ​လွန်​တောင့်​တ​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စိတ်​အား​ကြီး​ခြင်း၊ တ​ရား​သ​ဖြင့် ဒဏ်​စီ​ရင်​ခြင်း​တို့​ကို ပြု​ပြင်​သည်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ဤ​အ​မှု၌ အ​ပြစ်​ကင်း​သည်​ကို အ​ရာ​ရာ​အား​ဖြင့် ထင်​ရှား​ပြ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ