Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:25

Judson Bible

သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပ​လ္လင်​မြောက်​ဘက်​နား​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ထို​နွား​ကို​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။

ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ ထို​ဆိတ်​ကို​သတ်​ရ​မည်။

ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ၊

ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ