Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:21

Judson Bible

ထို​မုန့်​ညက်​ကို​ဆီ​ထည့်၍၊ သံ​ပြား​ပူ​နှင့်​မုန့်​လုပ်​ပြီး​မှ၊ ဆောင်​ခဲ့၍​ချိုး​ဖဲ့​သ​ဖြင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကျိုး​အ​ပဲ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့ ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။

လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။

မြေ​ခွက်​တစ်​စုံ​တစ်​ခု​ပေါ်​သို့ အ​သေ​ကောင်​ကျ​လျှင် ထို​မြေ​ခွက် မ​စင်​ကြယ်​သော​ကြောင့် ခွဲ​ရ​မည်။

ရိ​နာ​စွဲ​သော​သူ​ထိ​သော မြေ​တန်​ဆာ​ကို ခွဲ​ရ​မည်။ သစ်​သား​တန်​ဆာ​ကို ရေ​နှင့်​ဆေး​ရ​မည်။

သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။

အာ​ရုန်​အ​ရာ၌ ဘိ​သိက်​ခံ​သော​သား​သည်​လည်း၊ ထို​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သ​တည်း။

ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။

မီး​ဖို၌​ဖုတ်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အိုး​ကင်း၊ သံ​ပြား​ပူ​နှင့်​လုပ်​သော အ​ရာ​ရှိ​သ​မျှ​ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ