Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:20

Judson Bible

အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။

ဩ​မဲ​မူ​ကား၊ ဧ​ဖာ​ဆယ်​စု​တစ်​စု​ဖြစ်​သ​တည်း။

တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။

ထို​ယဇ်​နှင့်​ဆိုင်​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ဆီ​နှင့်​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ဖြစ်​ရ​မည်။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကား၊ စ​ပျစ်​ရည်​သုံး​လော​ဃ ဖြစ်​ရ​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။

တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

တစ်​ဖန် ဆင့်​ဆို​ရ​မည်​မှာ၊ နေ့​တိုင်း​အ​စဉ်​အ​မြဲ မီး​ရှို့​ရာ​ယဇ်​ဖို့၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား ဧ​လာ​ဇာ၏​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​ဟူ​မူ​ကား၊ မီး​ထွန်း​စ​ရာ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ နေ့​ရက်​အ​စဉ်​အ​တိုင်း​ဆက်​ကပ်​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ လိမ်း​ရန်​ဆီ အ​စ​ရှိ​သော​တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​မည်။

လူ​တို့​တွင်​ရွေး​ကောက်​သော ယဇ်​ပု​ရော​ဟိတ်​မင်း မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ လူ​တို့​အ​တွက် ဘု​ရား​ဝတ်​ပြု​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​သူ ဖြစ်၏။-

အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ