Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:18

Judson Bible

အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ နေ​လေ​ရာ​ရာ၌ ဆီ​ဥ​ကို​မ​စား​ရ၊ အ​သွေး​ကို​မ​စား​ရ​ဟု ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော သိုး​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သတ်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။

အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​မည်။ ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ သင်​တို့​အ​ဖို့ သန့်​ရှင်း​ပေ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။

ဓ​မ္မ​ကိ​စ္စ​အ​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​ကို အ​မှီ​ပြု၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ မ​သိ​ကြ​သ​လော။-

အ​ကြောင်း​မူ​ကား၊ ငါ​သည် သန့်​ရှင်း​တော်​မူ​သော​ကြောင့်၊ သင်​တို့​သည်​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့​ဟု ကျမ်း​စာ​လာ​သ​တည်း။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ