Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:17

Judson Bible

ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လိမ်း၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထို​ပ​လ္လင်​သည် အ​လွန်​သန့်​ရှင်း​သော​ပ​လ္လင်​ဖြစ်​ရ​မည်။

တစ်​ဖန် မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော​ဆိတ်​ကို ကြိုး​စား၍ ရှာ​သော်​လည်း​မ​တွေ့။ မီး​ရှို့​နှင့်​ပြီ။ ထို​ကြောင့် ကြွင်း​သော​အာ​ရုန်​သား ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို အ​မျက်​ထွက်​လျက်​ဆို​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌ တ​ဆေး​မ​ပါ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ တ​ဆေး​ကို​မီး​မ​ရှို့​ရ။ ပျား​ရည်​ကို​လည်း​မ​ရှို့​ရ။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။

သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

အ​ပြစ်​ဖြေ​ဖို့​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န၌​စား​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။

ဒု​စ​ရိုက်​ဖြေ​သော ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ အ​လွန်​သန့်​ရှင်း​ပေ၏။

အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။

ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ