Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:13

Judson Bible

ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊

တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။

သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။

သူ​သည်​လည်း ကြောက်​လန့်​သ​ဖြင့်၊ မိ​မိ​ခိုင်​ခံ့​သော မြို့​ကို​လွန်​သွား၍၊ သူ၏​မှူး​မတ်​တို့​သည် နိ​မိတ်​ကို​မြင်​လျှင် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု ဇိ​အုန်​တောင်​ပေါ်​မှာ မီး​လျှံ၊ ယေ​ရှု​ရှင်​မြို့၌ မီး​ဖို​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​တည်း။

မြောက်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ ယဇ်​ပ​လ္လင်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့ ဖြစ်၏။ ထို​သူ​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​မှု​တော်​ကို​ဆောင်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​တွင်​ရွေး​ကောက်​သော ဇာ​ဒုတ်​သား​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။

ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ