Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 6:11

Judson Bible

တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဆောင်​သွင်း​သော အ​သွေး​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ တပ်​ပြင်​သို့​ယူ​သွား၍ အ​ရေ၊ အ​သား၊ ချေး​နု​ကို မီး​ရှို့​ရ​မည်။

ထို​မုန့်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်​ပိုင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​သည်၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ အာ​ရုန်​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

နွား​တစ်​ကောင်​လုံး​ကို၊ တပ်​ပြင်​မှာ ပြာ​သွန်​ထား​ရာ ရှင်း​လင်း​သော အ​ရပ်​သို့​ယူ​သွား၍ ထင်း​အ​ပေါ်၌​မီး​ရှို့​ရ​မည်။ ပြာ​သွန်၍​ထား​ရာ​အ​ရပ်၌ မီး​ရှို့​ရ​မည်။

ထို​နောက်​မှ နွား​ကို​တပ်​ပြင်​သို့​ဆောင်​သွား၍၊ အ​ရင်​နွား​ကို မီး​ရှို့​သ​ကဲ့​သို့ ရှို့​ရ​မည်။ ပ​ရိ​သတ်​အ​ဖို့ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။

ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။

အာ​ရုန်​အ​ရာ၌ ဘိ​သိက်​ခံ​သော​သား​သည်​လည်း၊ ထို​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သ​တည်း။

အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ