Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 5:13

Judson Bible

ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​သည် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်၏။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ဒု​တိ​ယ​ငှက်​ကောင်​ကို၊ ပ​ညတ်​တ​ရား​အ​တိုင်း မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊

ထို​သို့​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​လျှင်၊ ထို​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ရ​မည်။

ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။

ဓ​မ္မ​ကိ​စ္စ​အ​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​ကို အ​မှီ​ပြု၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ မ​သိ​ကြ​သ​လော။-

ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ