ဝတ်ပြု 4:34Judson Bibleယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖျန်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။-