အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။
ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
အပြစ်ဖြေရာ ယဇ်ပူဇော်စရာဖို့ ဆိတ်တို့ကိုလည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့လက်ကိုတင်ပြီးမှ၊
ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
ပရိသတ်တွင် အသက်ကြီးသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်၍၊ ထိုနွားကို ရှေ့တော်၌သတ်ရကြမည်။
ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။
အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သတ်ရမည်။
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအားဆက်ရမည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။