Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:28

Judson Bible

မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပူ​ဇော်​သ​ကာ​ဖို့ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​မ​ကို​ဆောင်​ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့၏​ဒု​စ​ရိုက်​များ​ကို ရှေ့​တော်၌​လည်း​ကောင်း၊ ဝှက်​ထား​သော​အ​ကျင့်​များ​ကို မျက်​နှာ​တော် အ​လင်း​ထဲ၌​လည်း​ကောင်း၊ လှန်​ထား​တော်​မူ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

အို ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လှည့်​လည်၍ နေ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ၍၊ မိန်း​မ​သည် ယောက်ျား​ကို ပတ်​ဝိုင်း​လိမ့်​မည်။

ထို​သို့ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပ​ရိ​သတ်​တို့​သည် အ​သက်​ပျို​သော​နွား​ထီး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့၍​ဆက်​ရ​မည်။

မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို​သိ​သော​အ​ခါ၊ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​ထီး​ကို ပူ​ဇော်​သ​ကာ​ဖို့​ဆောင်​ခဲ့​ရ​မည်။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော​အ​မ​ကို ဆောင်​ခဲ့​ရ​မည်။

ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ