Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:27

Judson Bible

ဆင်း​ရဲ​သား​တစ်​စုံ​တစ်​ယောက်​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍၊ မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရဲ​ရင့်​သော​ဒု​စ​ရိုက်​ကို​လည်း ကိုယ်​တော်၏​ကျွန်​သည် မ​ပြု​ရ​မည်​အ​ကြောင်း ဆီး​တား​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​သည် အ​ကျွန်ုပ်​ကို အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ထို​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​သည်​ဖြောင့်​မတ်​ခြင်း​ရှိ၍၊ ကြီး​စွာ​သော​ပြစ်​မှား​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။

မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။

ထို​မှ​တစ်​ပါး၊ မှား​ယွင်း​သော​သူ​နှင့် မိုက်​သော​သူ​အ​တွက် ခု​နစ်​ရက်​နေ့​တွင်၊ ထို​နည်း​တူ ပူ​ဇော်၍၊ အိမ်​တော်​အ​တွက် အ​ပြစ်​ဖြေ​ရာ​မင်္ဂ​လာ​ကို ပြု​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တ​ရား​ကို​မ​သိ၊ အ​ကျိုး​အ​ပြစ်​ကို မ​ရိပ်​မိ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မူ​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊

မင်း​သည်​လည်း တ​ရား​ကို​မ​သိ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊

တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။

လူ​များ​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့၍၊ လူ​များ​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော ဆိတ်​ကို​ယူ​သတ်​ပြီး​လျှင်၊ ရှေ့​နည်း​အ​တူ အ​ပြစ်​အ​တွက်​ပူ​ဇော်​လေ၏။

သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​သော​နေ့​မှ​စ၍၊ မော​ရှေ​အား​ဖြင့် သင်​တို့၌​ထား​တော်​မူ​သော​ပ​ညတ်၊

လူ​တစ်​စုံ​တစ်​ယောက်​သည် သ​တိ​လစ်၍​ပြစ်​မှား​လျှင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော ဆိတ်​မ​တစ်​ကောင်​ကို ဆောင်​ခဲ့​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။

လူ​ပြု​တတ်​သော​ဒု​စ​ရိုက်​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သ​ဖြင့် အ​ပြစ်​ရောက်​သော​ယောက်ျား​မိန်း​မ​သည်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ