Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:25

Judson Bible

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ လက်​ညှိုး​နှင့်​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

သင်​တို့​သည် မ​သိ​ကြ​သ​လော။ မ​ကြား​ကြ​သ​လော။ ရှေ့​ဦး​စွာ​မှ​စ၍ သင်​တို့​အား မ​ဖော်​မ​ပြ​သ​လော။ မြေ​ကြီး​တည်​သည် အ​ကြောင်း​ကို နား​မ​လည်​ကြ​သ​လော။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်၏။ သင်​တို့​ပြု​သော​အ​ပြစ်​ကို ဖြေ​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​သင်​တို့​အား ယဇ်​ပ​လ္လင်​ပေါ်​မှာ ငါ​ပေး​ပြီ။ လူ​အ​ပြစ်​ကို​ဖြေ​သော​အ​ရာ​ကား၊ အ​သွေး​ဖြစ်​သ​တည်း။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​သည် အ​သွေး​ကို​လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင် ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ ထည့်​ပြီး​မှ ဖျန်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ထို​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို ယဇ်​ပ​လ္လင်​နံ​ရံ၌​ဖျန်း၍၊ ကြွင်း​သော အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ ညှစ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လိမ်း​ရန်​ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ၏။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။

အ​ကြောင်း​မူ​ကား၊ များ​စွာ​သော သား​တို့​ကို​ကယ်​တင်၍၊ ဘုန်း​စည်း​စိမ်​စံ​စား​ရာ​သို့ ပို့​ဆောင်​သော​အ​ရှင်​သည်၊ ဒု​က္ခ​ဝေ​ဒ​နာ​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​ရ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း၍ အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သည် စီ​ရင်​တော်​မူ​အပ်၏။

ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ