Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:21

Judson Bible

ထို​နောက်​မှ နွား​ကို​တပ်​ပြင်​သို့​ဆောင်​သွား၍၊ အ​ရင်​နွား​ကို မီး​ရှို့​သ​ကဲ့​သို့ ရှို့​ရ​မည်။ ပ​ရိ​သတ်​အ​ဖို့ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။

နွား၏​အ​သား၊ အ​ရေ၊ ချေး​နု​ကို​ကား၊ တပ်​ပြင်​မှာ​မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်၏။

ထို​နေ့၌ မင်း​သား​သည် ကိုယ်​ဖို့​လည်း​ကောင်း၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ဖို့​လည်း​ကောင်း၊ နွား​ထီး​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရ​မည်။

ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။

အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဆောင်​သွင်း​သော အ​သွေး​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ တပ်​ပြင်​သို့​ယူ​သွား၍ အ​ရေ၊ အ​သား၊ ချေး​နု​ကို မီး​ရှို့​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တ​ရား​ကို​မ​သိ၊ အ​ကျိုး​အ​ပြစ်​ကို မ​ရိပ်​မိ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မူ​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။

တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အ​ကုန်​အ​စဉ်​မီး​ရှို့​ရ​မည်။ အ​လျှင်း​မ​စား​ရ​ဟု မိန့်​တော်​မူ၏။

အ​ရေ၊ အ​သား၊ ချေး​နု​နှင့်​တ​ကွ နွား​ကောင်​ကို၊ တပ်​ပြင်​မှာ​ရှို့​ရ၏။

ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ​သ​တိ​လစ်၍ မှား​ယွင်း​ခြင်း​သို့​ရောက်​လျှင်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထုံး​ဖွဲ့​သော​ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​ဖြင့် မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဆိတ်​ဖြင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​ကြ​မည်။

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

အ​ကြောင်း​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​ပြစ်​ဖြေ​သော ယဇ်​ကောင်၏​အ​သွေး​ကို သန့်​ရှင်း​ရာ ဌာ​န​ထဲ​သို့ သွင်း​ပြီး​မှ၊ ယဇ်​အ​သေ​ကောင်​တို့​ကို တပ်​ပြင်၌ မီး​ရှို့​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ