Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:18

Judson Bible

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နွား​တို့​ကို​သတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ခံ​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​တို့​ကို​လည်း​သတ်၍၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​သ​ငယ်​တို့​ကို​လည်း သတ်၍ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။

အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ လက်​ညှိုး​နှင့်​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​သွေး​ကို​လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင် ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ ထည့်​ပြီး​မှ ဖျန်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ထို​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို ယဇ်​ပ​လ္လင်​နံ​ရံ၌​ဖျန်း၍၊ ကြွင်း​သော အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ ညှစ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ