မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။
နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့်ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖျန်းရမည်။
ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊
ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊
ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖျန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် ခြေထောက်ကိုလည်းကောင်း၊ သန့်ရှင်စေခြင်းငှာလိမ်းလေ၏။
ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖျန်းရမည်။