Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 4:15

Judson Bible

ပ​ရိ​သတ်​တွင် အ​သက်​ကြီး​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်၍၊ ထို​နွား​ကို ရှေ့​တော်၌​သတ်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆိတ်​တို့​ကို​လည်း ရှင်​ဘု​ရင်​ရှေ့၊ ပ​ရိ​သတ်​ရှေ့​သို့​ထုတ်၍၊ မိ​မိ​တို့​လက်​ကို​တင်​ပြီး​မှ၊

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

ပူ​ဇော်​သော​နွား​၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်​ရ​သ​ဖြင့်၊ သူ၏​အ​ပြစ်​ကို ဖြေ​မည်​အ​ကြောင်း လက်​ခံ​တော်​မူ​မည်။

အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် နွား​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကျွမ်း​ကျင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို ငါ့​ရှေ့​မှာ​စု​ဝေး​စေ​ပြီး​လျှင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ခေါ်​ခဲ့၍ သင်​နှင့်​အ​တူ​ရပ်​နေ​ကြ​စေ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို​ယူ၍ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​အ​ပေါ်​မှာ တင်​တော်​မူ​သ​ဖြင့်၊ ထို​ဝိ​ညာဉ်​သည် သူ​တို့​အ​ပေါ်​မှာ​ကျိန်း​ဝပ်​သော​အ​ခါ၊ သူ​တို့​သည် ပ​ရော​ဖက်​ပြု၍ မ​ပြတ်​မ​စဲ​ဟော​ကြ၏။

လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့​ဆောင်​ခဲ့၍၊ သူ​တို့​ခေါင်း​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လက်​ကို​တင်​သ​ဖြင့်၊

လေ​ဝိ​သား​တို့​သည်​လည်း၊ နွား​ခေါင်း​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​တင်၍၊ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ နွား​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်၊ တစ်​ကောင်​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ