Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 3:5

Judson Bible

အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။

ထို​နောက်​မှ ကိုယ်​အ​ဖို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ကို ပြင်​ဆင်​ကြ၏။ အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ညဉ့်​ဦး​တိုင်​အောင် မီး​ရှို့​ရာ​ယဇ်​နှင့် ဆီ​ဥ​ကို ပူ​ဇော်​လျက်​နေ​ရ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် ကိုယ်​အ​ဖို့​ကို​လည်း​ကောင်း၊ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ် အ​ဖို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။

အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အ​တောင်​ပါ​လျက်​ငှက်​ကောင်​ကို​ခွဲ​ဖွင့်၍၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။

အ​အူ​နှင့်​ဆိုင်​သ​မျှ​သော​ဆီ​ဥ၊ ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆက်​ပြီး​မှ၊

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင် သိုး​သ​ငယ်​ဆီ​ဥ​ကို​ပြု​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သော​သူ​သည်၊

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့​ပြီး​လျှင်၊ တစ်​လက်​ဆွန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၌ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နား​မှာ မီး​ရှို့​လေ၏။

ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊

နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊

တစ်​ဖန် ဆင့်​ဆို​ရ​မည်​မှာ၊ နေ့​တိုင်း​အ​စဉ်​အ​မြဲ မီး​ရှို့​ရာ​ယဇ်​ဖို့၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်။

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ