ဝတ်ပြု 3:17Judson Bibleသင်တို့အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကိုမစားရဟု ထာဝရပညတ်တော်ဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သွားကြလော့၊ မြိန်စွာသောအစာကို စားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ ဝင်သော်လည်းကောင်း၊ သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်လည်းကောင်း၊ အပြစ်ရောက်၍မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုးအစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်း။
ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှာ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများကိုပြုမိသည်ဖြစ်၍၊ ရောင့်ရဲသောစိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဖွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
မီးဖြင့်ပူဇော်သောယဇ်ကောင် ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကို ပြုခြင်းငှာဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏သားတို့သည် ကိုယ်အဖို့ယူရကြမည်။ ထိုသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။
သင်နှင့် သင်၏သားတို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသောပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာလည်းကောင်း၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ်မျိုးကိုမသောက်နှင့်။ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြပါစေသောဟု ရေး၍ ပေးလိုက်သတည်း။
ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။-
ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။