Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 3:12

Judson Bible

ဆိတ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊

သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။

ပူ​ဇော်​သော​သူ​သည် ထို​အ​ကောင်၏​အ​ရေ​ကို​ချွတ်၍ အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။

တစ်​ဖန် မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော​ဆိတ်​ကို ကြိုး​စား၍ ရှာ​သော်​လည်း​မ​တွေ့။ မီး​ရှို့​နှင့်​ပြီ။ ထို​ကြောင့် ကြွင်း​သော​အာ​ရုန်​သား ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို အ​မျက်​ထွက်​လျက်​ဆို​သည်​ကား၊

နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

လူ​များ​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့၍၊ လူ​များ​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော ဆိတ်​ကို​ယူ​သတ်​ပြီး​လျှင်၊ ရှေ့​နည်း​အ​တူ အ​ပြစ်​အ​တွက်​ပူ​ဇော်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း သင်​တို့​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​အ​ခါ​လည်​သော နွား​သ​ငယ်​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊

သိုး​ကို​ပူ​ဇော်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ