မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။
ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊
ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။
ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ အိမ်ကိုယူရမည်။
ထာဝရဘုရားပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။
ဆယ်စုတစ်စုကိုရွေးလိုလျှင်၊ အဖိုးရင်းနှင့်ငါးစုတစ်စုကို ထပ်၍ပေးရမည်။
ထိုသို့ ဘုရားနှင့်ဆိုင်သောအရာ၌ ပြစ်မှားမိရာကိုပြုပြင်ပြီးလျှင်၊ ငါးစုတစ်စုကိုလည်းထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။