ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။
ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ဖြတ်သောအဖိုးရင်းငွေကို လျှော့ရမည်။
လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်၊
ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။