Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 27:21

Judson Bible

ယု​ဘိ​လ​နှစ်​တွင် ထို​လယ်​သည်​အ​မှု​လွတ်​သော​အ​ခါ၊ ကျိန်​ဆို​သော​လယ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း၍ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။

ပူ​ဇော်​သော​မုန့်​ညက်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သိမ်း​ယူ​ရ​ကြ​မည်။

ငါး​ဆယ်​မြောက်​သော​နှစ်​ကို သန့်​ရှင်း​စေ​သ​ဖြင့်၊ တစ်​ပြည်​လုံး၌ ပြည်​သား​အ​ပေါင်း​တို့​အား၊ လွတ်​ရာ​အ​ခွင့်​ကို​ကြွေး​ကြော်​ရ​မည်။ ယု​ဘိ​လ​နှစ်​ဖြစ်၍၊ လူ​တိုင်း​မိ​မိ​ပိုင်​သော​မြေ၊ မိ​မိ​အ​ဆွေ​အ​မျိုး​ထံ​သို့ ပြန်​ရ​မည်။

ပြန်၍​မ​ပေး​နိုင်​လျှင် ရောင်း​ခဲ့​သော​ဥ​စ္စာ​ကို ယု​ဘိ​လ​နှစ်​တိုင်​အောင် ဝယ်​သော​သူ​လက်၌ ရှိ​စေ​ရ​မည်။ ယု​ဘိ​လ​နှစ်​တွင် လက်​လွှတ်၍ အ​ရှင်​ဟောင်း​လက်​သို့ ရောက်​စေ​ရ​မည်။

မြို့​ရိုး​မ​ရှိ၊ ရွာ၌​ရှိ​သော​အိမ်​ကို လယ်​ယာ​ကဲ့​သို့​မှတ်၍ ရွေး​နုတ်​ရ​သော အ​ခွင့်​ရှိ၏။ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။

သို့​မ​ဟုတ် လယ်​ကို​မ​ရွေး​လို၊ အ​ခြား​သော​သူ​အား​ရောင်း​မိ​လျှင်၊ နောက်​တစ်​ဖန် မ​ရွေး​ရ။

လူ​သည်​ကိုယ်​ပိုင်​ရင်း​မ​ဟုတ်၊ ဝယ်​သော​လယ်​ယာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး၌ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သင်​ဆိုင်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အ​ရှိန်​ကို​ငြိမ်း​စေ၍၊ သင်၏​ဘိုး​ဘေး​တို့​အား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင့်​ကို ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့် များ​ပြား​စေ​တော်​မူ​မည်​အ​ကြောင်း၊ ကျိန်​အပ်​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​သိမ်း​မ​ယူ​ဘဲ၊ အ​လုံး​စုံ​တို့​ကို စွန့်​ပစ်​ရ​မည်။

မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို​ကျိန်၍ ထာ​ဝ​ရ​ဘု​ရား၌ အပ်​ရ​မည်။ သို့​ရာ​တွင် ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ငါ​တို့​စေ​လွှတ်​သော​တ​မန်​တို့​ကို ဝှက်​ထား​သော​ကြောင့်၊ သူ​နှင့်​တ​ကွ သူ၏​အိမ်၌​ရှိ​သ​မျှ​တို့​အား အ​သက်​ချမ်း​သာ​ပေး​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ