ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့သွင်းသော အလှူဥစ္စာကိုရောင်း၍ ရသောငွေ၊ စာရင်းဝင်သောသူတိုင်း ကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဖိုးဖြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊
ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။
ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။