Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:9

Judson Bible

သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

ဣ​ရှ​မေ​လ​အ​မှု၌​ကား၊ သင်၏​စ​ကား​ကို ငါ​နား​ထောင်၏။ သူ့​ကို ငါ​ကောင်း​ချီး​ပေး၏။ သူ့​အ​နွယ်​ကို​တိုး​ပွား​စေ၍ သူ့​ကို​အ​လွန်​များ​ပြား​စေ​မည်။ သူ​သည် မင်း​သား​ဆယ်​နှစ်​ပါး​တို့၏​အ​ဘ ဖြစ်​လိမ့်​မည်။ ကြီး​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း ငါ​ပြု​မည်။

ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။

သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။

ငါ​သည်​သင့်​ကို​တိုး​ပွား​များ​ပြား​စေ​မည်။ သင့်​ကို​များ​စွာ​သော​လူ​ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သင့်​နောက်​မှ​ဤ​ပြည်​ကို အ​စဉ်​အ​မြဲ​ပိုင်​စေ​ခြင်း​ငှာ ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

သင်၌​မူ​ကား၊ ငါ့​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သင်​သည် သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်​ရ​မည်။

ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။

ငါ​က​လည်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ခွင့်​ပေး​တော်​မူ​မည်။ ထို​ကြောင့် ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​သော ငါ​တို့​သည် ထ၍​တည်​မည်။ သင်​တို့​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​တွင် ဘာ​မျှ​မ​ဆိုင်​မ​ပိုင်၊ မှတ်​စ​ရာ​သက်​သေ​မ​ရှိ​ဟု ပြန်​ပြော၏။

သူ​တို့​သား​မြေး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​ကဲ့​သို့ များ​ပြား​စေ​တော်​မူ၏။ အ​ကြင်​ပြည်​ထဲ​သို့ သူ​တို့​ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့၏ ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ၏။ ထို​ပြည်​ထဲ​သို့ သွင်း​တော်​မူ​သ​ဖြင့်၊

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် ငါ​မြဲ​မြံ​စေ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။

ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။

သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​သိုး​စု​ကို ငါ​နှင်​ထုတ်​သော ပြည်​ရှိ​သ​မျှ​တို့၌ ကျန်​ကြွင်း​သော​သိုး​တို့​ကို ငါ​စု​ဝေး၍၊ နေ​ရင်း​သိုး​ခြံ​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​သည်​လည်း၊ သား​ဖွား၍ များ​ပြား​ကြ​လိမ့်​မည်။

သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။

ထို​အ​ခါ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ဖွဲ့​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။

ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။

သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။

သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ