Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:7

Judson Bible

သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​လူ​တို့​ပြေး​သည်​ကို အ​မ္မုန်​အ​မျိုး​သား​တို့​သည် မြင်​လျှင်၊ သူ​တို့​သည်​လည်း ညီ​အ​ဘိ​ရှဲ​ရှေ့​မှာ​ပြေး၍ မြို့​ထဲ​သို့​ဝင်​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​လေ၏။

နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ခြား​တို့​သည် အာ​ဒါ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ မိ​မိ​တို့​အ​သက်​ကို စောင့်​လျက်၊ ရန်​သူ​လက်​သို့​မ​ရောက်​ဘဲ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ စု​ဝေး၍ ရန်​သူ ခု​နစ်​သောင်း​ငါး​ထောင်​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​သည် တောင်း​ပန်​ခြင်း​ကို​ပြု၍၊ ငါ၏​လူ​တို့​သည်​လည်း၊ အ​စဉ်​အ​မြဲ​တည်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။

ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။

သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။

သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။

သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။

သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။

သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။

သူ​သည်​လည်း မြည်း​မေး​ရိုး​လတ်​လတ်​ကို​တွေ့၍ ကိုင်​ယူ​ပြီး​လျှင် လူ​တစ်​ထောင်​တို့​ကို သတ်​လေ၏။

ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။

ဣ​သ​ရေ​လ​လူ​တို့​သည် နဿ​လိ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် အ​ရပ်​ရပ်​ထဲ​က စု​လာ၍၊ မိ​ဒျန်​လူ​တို့​ကို လိုက်​ကြ၏။

လေး​ဘက်​တွား​လျက် တက်၍၊ လု​လင်​လည်း​လိုက်၏။ ယော​န​သန်​ရှေ့​မှာ ဖိ​လိ​တ္တိ​လူ​တို့​သည် လဲ၍ လု​လင်​သည် သူ့​သ​ခင့်​နောက်​မှာ လုပ်​ကြံ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ