Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:46

Judson Bible

ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​နှင့် အာ​ရုန်​တို့​လက်​ဖြင့် ကိုယ်​တော်၏​လူ​များ​တို့​ကို သိုး​စု​ကဲ့​သို့ ပို့​ဆောင်​တော်​မူ၏။

တစ်​ဖန် သိ​နာ​တောင်​ပေါ်​မှာ၊ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။

မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ပြု​ကြ၏။

ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။

ဤ​သူ​တို့​သည်​မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​ရ​ကြ​မည်။ ကြောက်​ရွံ့​သော​စိတ်​နှင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရ​ကြ​မည်။ စ​ကား​တော်​ကို နား​ထောင်​လျက် ဝတ်​ပြု၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​ရ​ကြ​မည်။

၁၇ ဤ​ရွေ့​ကား၊ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​မှ​တစ်​ပါး၊ မော​ဘ​ပြည်၌ မော​ရှေ​သည် ထို​လူ​မျိုး​နှင့် ပ​ဋိ​ညာဉ်​ပြု​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​စ​ကား​တော် ဖြစ်​သ​တည်း။

ယာ​ကုပ်​အ​မျိုး ပ​ရိ​သတ်​အ​မွေ​ခံ​ရ​သော​ဓ​မ္မ​တ​ရား​ကို မော​ရှေ​သည် ငါ​တို့​အား​ထား၏။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။

သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ