Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:3

Judson Bible

သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။

သင်​တို့​သည် ကြည်​ညို​နား​ထောင်​လျှင်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​ကြ​လိမ့်​မည်။

သင်​သည် လယ်၌​ကြဲ​သော​မျိုး​စေ့​ဖို့ မိုး​ကို ရွာ​စေ​တော်​မူ​လိမ့်​မည်။ မြေ​အ​သီး​အ​နှံ​မှ​ဖြစ်​သော မုန့်​ကို အ​လွန်​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သင်၏​သိုး​နွား​တို့​သည် ကျယ်​သော​အ​ရပ်၌ ကျက်​စား​ရ​ကြ​လိမ့်​မည်။

ပ​ဥ္စ​မ​နှစ်​တွင် သီး​သော​အ​သီး​ကို​စား​ရ​မည်။ ထို​သို့​ပြု​လျှင် အ​ပင်​တို့​သည် သာ၍​သီး​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

မျိုး​စေ့​ကို ငြိမ်​ဝပ်​စွာ ကြဲ​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​သည် အ​သီး​ကို​လည်း​ကောင်း၊ မြေ​သည် မိ​မိ​စီး​ပွား​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သည် နှင်း​ရည်​ကို​လည်း​ကောင်း ပေး​ရ​လိမ့်​မည်။ ကျန်​ကြွင်း​သော ဤ​လူ​တို့​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ရ​တတ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။

အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ