ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကိုနားထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသေးလျှင်၊
ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန်နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဖို့အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
သင်တို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆသောဘေးကြီးကို ငါသက်ရောက်စေမည်။
ငါသည်လည်း သင်တို့ကိုဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။
သင်တို့၏အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမတစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။
ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။
သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။