Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:26

Judson Bible

သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကြာ​မြင့်​စွာ​ဝိုင်း​ထား​သော​ကြောင့်၊ ရှ​မာ​ရိ​မြို့၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍၊ မြည်း​ခေါင်း​တစ်​လုံး​ကို ငွေ​ရှစ်​ဆယ်​နှင့်​လည်း​ကောင်း၊ ပဲ​ကြမ်း​တစ်​ပြည်​ကို ငွေ​ငါး​ကျပ်​နှင့်​လည်း​ကောင်း ရောင်း​ရ၏။

တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။

လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

ထို​မုန့်​ကို တစ်​နေ့​တစ်​နေ့​လျှင် အ​ကျပ်​နှစ်​ဆယ်​စီ ချိန်၍​စား​ရ​မည်။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။

မုန့်​နှင့်​ရေ ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း မိန်း​မော​တွေ​ဝေ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့် ပိန်​ကြုံ​ခြင်း​သို့ ရောက်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊

သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။

ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို​နား​ထောင်၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊

သင်​သည် စား​သော်​လည်း မ​ဝ​ရ။ မွတ်​သိပ်​ခြင်း​ကို ခံ​ရ​မည်။ သင်​သည် ချီ​သော်​လည်း ယူ၍​မ​သွား​ရ။ ယူ​သွား​သော​အ​ရာ​ကို​လည်း ဓား​ဘေး​သို့ ငါ​အပ်​မည်။

သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ