သင်တို့သည် အချည်းနှီးကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကိုမပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။
ယခုမှစ၍မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရ ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့သောငှာ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။
မြေကောင်းသောပြည်ကို ပြည်သူပြည်သားတို့၏အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊
ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသောအခလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။
သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာကြိုးစားသော်လည်း ကျေးဇူးမရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
အချိန်တန်မှ ငါသည်သင်တို့အဖို့ မိုးရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။
လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုးမျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား စီရင်တော်မူပြီ။
ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရသော စပါးပုံသို့ လူလာသောအခါ တစ်ဆယ်ကိုသာရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှာ စပျစ်သီးနယ်ရာကျင်းသို့ လာသောအခါ နှစ်ဆယ်ကိုသာရ၏။
ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။-
ငါသည်သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။-
သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုးမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရားပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။
သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။
ငါသည် အမျက်ထွက်၍မီးရှို့သဖြင့်၊ အနက်ဆုံးသောမရဏနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကိုကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင်လိမ့်မည်။