Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 26:19

Judson Bible

သင်​တို့ မာ​န​အ​စွယ်​ကို ငါ​ချိုး​မည်။ မိုး​ကောင်း​ကင်​ကို​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကြီး​ကို​ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ ငါ​ဖြစ်​စေ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ရေ​ကူး​သော​သူ​သည် ရေ​ကူး​ခြင်း​ငှာ လက်​ကို​ဆန့်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​အ​လယ်၌ လက်​တော်​ကို​ဆန့်၍၊ မော​ဘ၏​မာ​န​နှင့် လက်​သ​တ္တိ​ကို ချ​တော်​မူ​လိမ့်​မည်။

မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ မြင့်​မြတ်​သော​မြို့​ကို ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​ချ​လျက် မြေ​မှုန့်​ထဲ​မှာ ထား​တော်​မူ၏။

စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။

ထို​နည်း​တူ၊ ယု​ဒ​ပြည်၏​ထောင်​လွှား​ခြင်း​ကို ငါ​ရှုတ်​ချ​မည်။ ယေ​ရု​ရှ​လင်​မြို့၏​ထောင်​လွှား​ခြင်း​ကို အ​လွန်​ရှုတ်​ချ​မည်။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​ကို ထောက်​မ​သော​သူ​တို့​သည် လဲ၍​သေ​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​အ​စွမ်း​သ​တ္တိ၏ ဂုဏ်​အ​သ​ရေ​သည် ဆုံး​လိမ့်​မည်။ မိ​ဂ​ဒေါ​လ​မြို့​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ကြမ်း​ကြုတ်​သော လူ​မျိုး​တို့​ကို ငါ​ဆောင်​ခဲ့၍၊ သူ​တို့​သည် အိမ်​များ​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ခွန်​အား​ကြီး​မား​သော​သူ​တို့၏ မာ​န​ကို ငါ​ငြိမ်း​စေ​မည်။ သူ​တို့​သန့်​ရှင်း​သော အ​ရပ်​တို့​သည် ညစ်​ညူး​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။

ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ မိုး​မ​ရွာ၊ မြေ၏​အ​သီး​အ​နှံ​ကို မ​ဖြစ်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန် ပျောက်​ပျက်​ကြ​လိမ့်​မည်။

သင့်​ခေါင်း​ပေါ်​မှာ မိုး​ကောင်း​ကင်​သည် ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ သင့်​အောက်၌ မြေ​သည် သံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်၍၊ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် အ​သက်​ဆုံး​လေ၏။

လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ