ယုဘိလနှစ်မရောက်မီ၊ အစေခံရသော နှစ်ပေါင်းအနည်းအများကို ရေတွက်၍၊
ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဖိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။
သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနုတ်ရသောအခွင့်ကို ပေးရကြမည်။
သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။
လိုသေးသော နှစ်ပေါင်းအနည်းအများအလိုက် ရွေးရန်အဖိုးကို၊ ဝယ်ရင်းငွေထဲက နုတ်၍ပြန်ပေးရမည်။
ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ဖြတ်သောအဖိုးရင်းငွေကို လျှော့ရမည်။