တစ်နှစ်အတွင်းတွင် မရွေးနုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။
မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်းတွင် ရွေးနုတ်သောအခွင့်ရှိစေရမည်။
မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။