Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 25:24

Judson Bible

သင်​တို့​သည် မြေ​ကို​ပိုင်​လေ​ရာ​ရာ၌ ရွေး​နုတ်​ရ​သော​အ​ခွင့်​ကို ပေး​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်၏​ဘ​ထွေး ရှ​လ္လုံ​သား ဟာ​န​မေ​လ​သည် သင့်​ထံ​သို့​လာ၍၊ အာ​န​သုတ်​မြို့​မှာ​ရှိ​သော ကျွန်ုပ်​လယ်​ကို သင်​သည် ရွေး​ပိုင်​သော​ကြောင့်၊ ဝယ်​ပါ​ဟု ပြော​ဆို​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

ရောင်း​သော​သူ​သည် အ​သက်​လွတ်​လျက် ရှိ​သော်​လည်း၊ ရောင်း​သော​မြေ​သို့ ပြန်၍​မ​လာ​ရ။ ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် မ​ပြည့်​စုံ​ဘဲ​မ​နေ​ရ။ မ​တ​ရား​စွာ ကျင့်​သော​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​တည်​နိုင်​ရ။

မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။

သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။

မိ​မိ​မြေ​သို့ ပြန်​အံ့​သော​ငှာ၊ ရောင်း၍​လွန်​သော နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​မှ၊ လို​သေး​သော​အ​ဖိုး​ကို အ​ထက်​က​ရောင်း​ခဲ့​သော​သူ​အား ပြန်​ပေး​ရ​မည်။

မြို့​ရိုး​မ​ရှိ၊ ရွာ၌​ရှိ​သော​အိမ်​ကို လယ်​ယာ​ကဲ့​သို့​မှတ်၍ ရွေး​နုတ်​ရ​သော အ​ခွင့်​ရှိ၏။ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။

ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။-

ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-

ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-

ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ