Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 25:2

Judson Bible

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ထို​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဥ​ပုသ်​စောင့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။

ယု​ဒ​ပြည်​ကို ချင်း​နင်း​လွှမ်း​မိုး​ဖြန့်​သွား၍၊ လည်​ပင်း​တိုင်​အောင်​မီ​လိမ့်​မည်။ သူ၏​အ​တောင်​တို့​ကို​လည်း ဖြန့်​သ​ဖြင့်၊ ကိုယ်​တော်၏​မြေ​တစ်​ပြင်​လုံး​ကို အုပ်​မိုး​လိမ့်​မည်၊ အို ဧ​မာ​နွေ​လ​ဟု မိန့်​တော်​မူ၏။

ငါ​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​ကို​ဆန့်​လျက် မြေ​ကြီး​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​သည်​ဖြစ်၍၊ ငါ​သည် ပေး​လို​သော​သူ​တို့​အား​ပေး၏။

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊

ထို​နေ့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်၏။ န​ဝ​မ​နေ့ ညဉ့်​ဦး​မှ​စ၍ နက်​ဖြန်​ညဉ့်​ဦး​တိုင်​အောင် ဥ​ပုသ်​စောင့်​ရ​မည်​ဟု​မိန့်​တော်​မူ၏။

တစ်​ဖန် သိ​နာ​တောင်​ပေါ်​မှာ၊ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်​လျက် စ​ပျစ်​ဥ​ယျာဉ်​ကို​သုတ်​သင်၍ အ​သီး​ကို​သိမ်း​လျက်​နေ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​သော ခါ​နာန်​ပြည်​ကို ကြည့်​ရှု​လော့။

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ကျိန်​ဆို၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု က​တိ​ထား​သော​ပြည်​ကို ကြည့်​လော့။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး၏။ သို့​ရာ​တွင် ကူး၍​မ​သွား​ရ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ