Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 24:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လက်​မှ​ခံ​ယူ​သော​ထို​မုန့်​ကို၊ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ပုသ်​နေ့​တိုင်း အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။

သူ၏​ညီ​အစ်​ကို​နှင့် အ​ခြား​သော ကော​ရ​သိ အ​ဆွေ​အ​မျိုး​သား​တို့​သည် ဥ​ပုသ်​နေ့၌ ရှေ့​တော်​မုန့်​ကို ပြင်​ဆင်​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဉ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။

မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။

ငါ့​ရှေ့၊ စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ရ​မည်။

ရှေ့​တော်​မုန့်​စား​ပွဲ​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ လင်​ပန်း၊ ဇွန်း၊ လောင်း​စ​ရာ​ဖ​လား​များ​နှင့်​တ​ကွ၊ အ​မြဲ​ထည့်​ရ​သော​မုန့်​ကို​တင်​ပြီး​မှ၊

ထို​နေ့၌ အ​မှု​တော်​ထမ်း​အ​ဝင် သိုး​တော်​ထိန်း​အုပ် ဧ​ဒုံ​အ​မျိုး​သား၊ ဒေါ​ဂ​အ​မည်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စောင့်​နေ​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ