ဝတ်ပြု 24:22Judson Bibleကိုယ်အမျိုးသားဖြစ်စေ၊ သူတစ်ပါးအမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်ဟု မိန့်တော်မူ၏။