Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 24:19

Judson Bible

လူ​သည် အိမ်​နီး​ချင်း​ကို​နာ​အောင်​ပြု​လျှင်၊ သူ့​ကို​ပြု​သည်​အ​တိုင်း ကိုယ်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​သော​အ​နာ​ဖြစ်​လျှင်၊ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊

မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊

မီး​လောင်​ခြင်း​အ​တွက် မီး​လောင်​ခြင်း​ကို​လည်း​ကောင်း၊ ရှ​န​ခြင်း​အ​တွက် ရှ​န​ခြင်း​ကို​လည်း​ကောင်း၊ ဒဏ်​ချက်​ရာ​အ​တွက် ဒဏ်​ချက်​ရာ​ကို​လည်း​ကောင်း ခံ​ရ​မည်။

တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်​လည်း ဥ​စ္စာ​ရှင်​အား တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​လျော်​ရ​မည်။

အ​ရိုး​ကို​ချိုး​သည်​အ​တွက် အ​ရိုး​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ မျက်​စိ​ကို​ဖျက်​သည်​အ​တွက်၊ မျက်​စိ​ဖျက်​ခြင်း​ကို​လည်း​ကောင်း၊ သွား​ကို​ချိုး​သည်​အ​တွက်၊ သွား​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ သူ့​ကို နာ​ကျင်​စွာ​ပြု​သည်​အ​တိုင်း၊ ကိုယ်​တိုင်​နာ​ကျင်​စွာ​ခံ​ရ​မည်။

သူ့​မျက်​စိ​ကို ဖျက်​လျှင် ကိုယ်​မျက်​စိ​ဖျက်​ခြင်း​ကို ခံ​စေ။ သူ့​သွား​ကို​ချိုး​လျှင် ကိုယ်​သွား​ချိုး​ခြင်း​ကို ခံ​စေ​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-

သင်၏​မျက်​စိ​သည် မ​သ​နား​ရ။ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း ဒဏ်​ပေး​ရ​မည်။

အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ