Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 24:16

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပြစ်​မှား​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို အ​မှန်​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်။ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ နာ​မ​တော်​ကို​ပြစ်​မှား​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယု​ဒ​ပြည်​ဗာ​လာ​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ၊ မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထ​သွား​လေ၏။

ထို​သူ​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ မ​နာ​လို​သော​စိတ်​နှင့် ပြော​ဆို၍၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ဝါ​ကြွား​ကြ​ပါ၏။

အို ဘု​ရား​သ​ခင်၊ ရန်​သူ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကဲ့​ရဲ့​ပါ​လိမ့်​မည်​နည်း။ ရန်​ဘက်​ပြု​သော​သူ​သည် နာ​မ​တော်​ကို အ​စဉ်​မ​ထီ​မဲ့​မြင် ပြု​ရ​ပါ​မည်​လော။

ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ လူ​မိုက်​တို့​သည် နာ​မ​တော်​အား မ​ထီ​မဲ့​မြင်​ပြု​ကြ​သည်​ကို အောက်​မေ့​တော်​မူ​ပါ။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။

ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​မ​ပြော​ရ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို မ​ကျိန်​ဆဲ​ရ။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။-

အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။-

ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။-

ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို နှုတ်​ဖြင့် ပြစ်​မှား​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် အ​နိုင်​အ​ထက်​ပြု၍၊ ခပ်​သိမ်း​သော​တ​ရား​ဇ​ရပ်​တို့၌ ကြိမ်​ဖန်​များ​စွာ ဒဏ်​ပေး​ပါ၏။ ပြင်း​စွာ​သော အ​မျက်​ဒေါ​သ​နှင့် ယစ်​မူး​သ​ဖြင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တိုင်​အောင် သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ပါ၏။

မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။-

ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-

သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ