Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 24:14

Judson Bible

သူ၏​စ​ကား​ကို​ကြား​သော သူ​အ​ပေါင်း​တို့​သည် သူ၏​ခေါင်း​ပေါ်​မှာ လက်​ကို​တင်​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ့​ရှေ့​မှာ အ​ဓ​မ္မ​လူ​နှစ်​ယောက်​ကို​ထား၍၊ သင်​သည် ဘု​ရား​သ​ခင်​နှင့် ရှင်​ဘု​ရင်​ကို​စွန့်​ပယ်​ပြီ​ဟု သက်​သေ​ခံ​ပါ​လေ​စေ။ သို့​ပြီး​မှ သူ့​ကို​ထုတ်၍ သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​ကြ​လော့​ဟု ပါ​သ​တည်း။

ထို​အ​နာ​စွဲ​သည်​ကာ​လ​ပတ်​လုံး၊ သူ​သည်​ညစ်​ညူး၏။ မ​စင်​ကြယ်​သည်​ဖြစ်၍ တစ်​ယောက်​တည်း​နေ​ရ​မည်။ သူ့​နေ​ရာ​သည် တပ်​ပြင်​မှာ​ရှိ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နတ်​ဝင်​သော​သူ၊ စုန်း​လုပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​သို့​သော​သူ​ကို ခဲ​နှင့်​ပစ်​ရ​ကြ​မည်။ သူ၌ သေ​ထိုက်​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊

ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။

ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။

ထို​သူ​ကို အ​သေ​သတ်​စိမ့်​သော​ငှာ၊ သက်​သေ​ခံ​တို့​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင် သင်​တို့​မှ ဒု​စ​ရိုက်​ကို ပယ်​ရ​ကြ​လိမ့်​မည်။

မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။

မြို့​သား​ယောက်ျား​တို့​သည် ထို​မိန်း​မ​ကို အ​ဘ​အိမ်​တံ​ခါး​သို့ ဆောင်​ခဲ့​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​ဘ​အိမ်၌ မ​တ​ရား​သော မေ​ထုန်​သို့​လိုက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ မိုက်​မဲ​သော​အ​မှု​ကို ပြု​လေ​ပြီ။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ