ပြစ်မှားသောသူကို မောရှေထံသို့ဆောင်ယူခဲ့၍ ထာဝရဘုရား၏အလိုတော်ကို မသိမီတိုင်အောင်ချုပ်ထားကြ၏။
ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။
ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊
သူ၏အမှုကိုစီရင်ရာလမ်း မထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။
သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသောစကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။